စလင်းမြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါအရည်အသွေးကောင်းမျိုးအသုံးပြု၍ အထွက်နှုန်းတိုးတက်ရေး စံပြကွက်အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါအရည်အသွေးကောင်းမျိုးအသုံးပြု၍ အထွက်နှုန်းတိုးတက်ရေး စံပြကွက်အောင်မြင်ဖြစ်ထွန်း




MNP - အောက်တိုဘာ   ၃၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာတွင် တောင်သူလှခိုင်ပါ(၇)ဦး စိုက်ပျိုးထားရှိသည့် ရွှေတောင်(၈) ချည်မျှင်ရှည်ဝါစိုက်ခင်းအား စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ ဦးဆောင်ကြီးကြပ်၍ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်း၍ ဈေးကွက်ဝင်၊ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း သိရှိရသည်။


စလင်းမြို့နယ်တွင် ယခုနှစ်တောင်သူအများစုသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိရာ စလင်းမြို့ အင်ကြင်းပင်လှကျေးရွာအုပ်စု လက်ပံကျင်းကျေးရွာ တောင်သူဦးလှခိုင် ပါ(၇)ဦး စိုက်ပျိုးထားသည့် ရွှေတောင်(၈)ချည်မျှင်ရှည်ဝါ၊ ကွင်းအမှတ် ၅၄၇၊ ဦးပိုင်အမှတ် (၇)ဦးပါစိုက်ပျိုးဧက ၂၀ ဧကကို(၂၂.၇.၂၀၂၂ မှ ၃.၈.၂၀၂၂ )အထိ စိုက်ပျိုးခဲ့ကြရသည်။ ဝါစိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဝါစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိမည်ဖြစ်ပြီး စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာများ ဝါမျိုးကောင်းမျိုးသန့်နှင့်သွင်းအားစု မြေသြဇာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဝါစိုက်ပျိုးတောင်သူများ တစ်ဦးနှင့်တစ်ဦး ဝါစိုက်ပျိုးထုတ်လုပ်မှုအောင်မြင်ဖြစ်ထွန်းရေးနည်းစနစ်များကို ပူးပေါင်းဆောင်ရွက်ကြသဖြင့် အထွက်နှုန်းတိုး၍ စံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။


စလင်းမြို့နယ်တွင် ယခုနှစ်တွင် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းကို အများအပြားစိုက်ပျိုးကြပြီး ဝါစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးနည်းပညာများဖြင့် စိုက်ပျိုးခဲ့၍ ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးမည်ဟုခန့်မှန်းရကြောင်းနှင့် ပြီးခဲ့တဲ့နှစ်ဝါတစ်ပိသာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး မိသားစုများဝင်ငွေရရှိခဲ့ကြောင်း ယခုနှစ်တွင်နေရာဒေသအလိုက် မျိုးကောင်းမျိုးသန့် မိုးချည်မျှင်ရှည်ဝါများအား စိတ်ဝင်စားစွာစိုက်ပျိုးလာကြကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)