မင်းဘူး (စကု) မြို့နယ်၌ ဆောင်းနေကြာသီးနှံများ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး (စကု) မြို့နယ်၌ ဆောင်းနေကြာသီးနှံများ စတင်စိုက်ပျိုး

 


MNP - အောက်တိုဘာ   ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ကျေးရွာများ၌ နှောင်းပိုင်းမိုး ရွာသွန်းပြီးချိန် ဆောင်နေကြာသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နေကြာမျိုးသန့် မျိုးစေ့များကို စနစ်တကျရွေးချယ် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးတို့အတွက် စိုက်ပျိုးရေးဝန်ထမ်းများကြီးကြပ်၍ ယမန်နေ့က ရွှေတပင်ကျေးရွာရှိ ကွင်းအမှတ် (၁၃၃၃)၊ တောင်သူ ဦးလှိုင်မြင့်၏ ကိုင်းမြေ၌ အိန္ဒိယ နေကြား(မျိုး) တစ်ဧကကို စိုက်ပျိုးခဲ့ကြသည်။


ဆောင်းနေကြာသီးနှံစိုက်ပျိုးရန် မြေယာပြုပြင်ခြင်းများဆောင်ရွက်ပြီးချိန် မျိုးစေ့တစ်ဧက နှစ်ပြည်နှုန်းသုံးစွဲကာ ကြဲပက်နှင့် ကြောင်းစွဲစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ရေဆင်းစပ်မျိုး၊ ဆင်းရွှေကြာ(၂)နှင့် အိန္ဒိယမျိုးများကို အများဆုံး ရွေးချယ်စိုက်ပျိုးလေ့ရှိကြောင်း၊ ဆီထွက်သီးနှံထဲတွင် နေကြာစိုက်ပျိုးခြင်းသည် စိုက်ပျိုးစရိတ်ကုန်ကျမှု အသက်သာဆုံးဖြစ်ပြီး ဒေသခံတောင်သူများ စီးပွားရေး ပိုမိုတွက်ချေကိုက်သည့်အတွက် ဆောင်းနေကြာကို အများဆုံးအားထားစိုက်ပျိုးကြကြောင်း ရွှေတပင်ကျေးရွာ နေကြာစိုက်တောင်သူ ဦးလှိုင်မြင့်က ပြောသည်။


မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် စိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံကို ဧကပေါင်း ၃၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ၂၁၁၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)