မင်္ဂလာဒုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်းကျောင်း၊ အထက်တန်း(ကျောင်းခွဲ)၊ အလယ်တန်းကျောင်း၊ အလယ်တန်း(ကျောင်းခွဲ)၊ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မင်္ဂလာဒုံမြို့နယ်၊ ပညာရေးမှူး ဒေါ်သန္တာဝင်း၊ ဒုတိယပညာရေးမှူး များဖြစ်သည့် ဦးသန်းအေးနှင့် ဒေါ်သီရိရဲမြင့်တို့မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားတိုင်းအနည်းဆုံး G-9 ပြီးဆုံးသည်အထိ အခမဲ့ပညာ သင်ယူနိုင်ရေးမူဝါဒကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်အောင် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာများအချင်းချင်း တတ်သိနားလည်ထားကြသည့် အသိပညာ၊ အတတ်ပညာများကို ဖလှယ်ကြခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတတ်လာမည်ဖြစ် ကြောင်းနှင့် ယခုဆွေးနွေး ပို့ချပေးမည့် အကြောင်းအရာများကိုလည်း အလေးအနက်ထား လိုက်နာကြရန် လိုကြောင်းနှင့် အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကြီးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ မူလတန်းကျောင်း အုပ်ကြီးများ စုစုပေါင်း (၅၂)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ် အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြတ်မွန်ခင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)