နောင်ချိုမြို့၊ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း လူမှုရေးယာဉ်၊ နိဗ္ဗာန်ယာဉ်များထားရှိရန် လုပ်အားဒါနများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့၊ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း လူမှုရေးယာဉ်၊ နိဗ္ဗာန်ယာဉ်များထားရှိရန် လုပ်အားဒါနများပြုလုပ်



MNP - အောက်တိုဘာ  ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းပိုင် လူမှုရေးယာဉ်နှင့် နိဗ္ဗာန်ယာဉ်များ ထားရှိရန် အတွက် လုပ်အားဒါနများ ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာတော်၏ ကြီးကြပ်မှုဖြင့် သဖန်းကိုင်းကျေးရွာ ဒါယိကာ၊ ဒါယိကာမများနှင့် ပရဟိတလူငယ်များက လုပ်အားဒါနအဖြစ် မြေရာများရှင်းလင်းခြင်း၊ အဆောက်အဦ ဆောက်လုပ်ရန် ဖောင်ဒေးရှင်းချခြင်း၊ အုတ်စီခြင်း စသည်ဖြင့် လိုအပ်သည့်နေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းကို ဆရာတော်၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အသင်းအနေဖြင့် မြို့နယ်၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။


သတင်း - ထွေးငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)