ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ရန်ကုန်တိုင်းတာဝန်ခံ) ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ရန်ကုန်တိုင်းတာဝန်ခံ) ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ရောက်ရှိ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း

 


MNP - အောက်တိုဘာ  ၁၅


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်စောဝင်း(ရန်ကုန်တိုင်းတာဝန်ခံ)နှင့် အဖွဲ့ဝင် ဦးစောဘလှိုင်နှင့် အဖွဲ့သည် တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်ဦး၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးမင်းသူတို့ လိုက်ပါလျက် ယမန်နေ့နေ့လည် ၁၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၃ခုနှစ်၊ အ‌ထွေထွေရွေးကောက်ပွဲတွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း၊ လျာထားမဲရုံတည်နေရာစာရင်းနှင့် လက်တွေ့မြေပြင်စိစစ်အတည်ပြုခြင်း လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ဆိပ်ကြီးခနောင်တိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး အသစ်ဆောက်လုပ်ပြီးစီးနေမှု အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ရုံးသစ်တည်ဆောက်မှုနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကား နေ့လည်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။


သတင်း- ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)