MNP ၊ အောက်တိုဘာ ၂၀
ယနေ့နံနက်ပိုင်းက လှိုင်မြိုန့ယ်၊ (၁၃) ရပ်ကွက်၊ ဗဟိုလမ်းနှင့် ပေါင်းစီးလမ်းထောင့်တွင် အပြစ်မဲ့ ပြည်သူ(၃)ဦးကို အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ သွားရောက် စိစစ်ခဲ့ရာ စားအုန်းဆီ လာထုတ်သည့် ဗိုလ်ကြီး မြင့်ဆွေ (အမြောက်တပ်-အောင်ပန်း၊ စစ်တက္ကသိုလ်အမှတ်စဉ်-၅၃၊ အမှတ်-၂/ခ၊ ပေါင်းစီးလမ်း၊ ၁၃- ရပ်ကွက်၊ လှိုင်မြို့နယ်)၊ ဇနီးဖြစ်သူ မရတနာဦး နှင့် တပ်သား အောင်ကိုမင်း တို့သည် နေအိမ်မှ လမ်းလျှောက်လာစဉ် ယာဉ်အမှတ်/အမျိုးအစား(စိစစ်ဆဲ)ပေါ်မှ လူ(၃)ဦး(စိစစ်ဆဲ) ဆင်းလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း ဗိုလ်ကြီး မြင့်ဆွေ ၌ ဦးခေါင်း ထိမှန်ဒဏ်ရာ (၁)ချက်ဖြင့် သေဆုံး၊ မရတနာဦး ၌ ကျောကုန်း ဝဲဘက် ဖောက်ဝင် ဒဏ်ရာ (၂)ချက်ဖြင့် သေဆုံး၊ တပ်သား အောင်ကိုမင်း ၌ ဦးခေါင်း ထိမှန်ဒဏ်ရာ (၁)ချက်ဖြင့် အသီးသီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM LUGER ကျည်ခွံ (၁၁)ခု တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ဗိုလ်ကြီး မြင့်ဆွေ၊ မရတနာဦး နှင့် တပ်သား အောင်အောင် တို့အား ဆရက(၁/၁၀၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment