MNP - အောက်တိုဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ သမိုင်းဝင်စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့်နေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျော်စွာ မြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် တန်ခိုးကြီးဘုရားစေတီများတွင် ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများက ဆီးမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပူဇော်ခြင်း၊ အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ မြစ်ကမ်းတွင် ငါစာကျွေးသူများအပြင် ဥပုသ်သီလ ဆောက်တည်သူများ၊ ဘုရားဘာဝနာ ပွားများသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment