မိုးမိတ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ   ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးကောင်းဦးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ ဗိုလ်မှူးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သော ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ တံတားများနှင့်ဆည်မြောင်းများ ပြုပြင်ဆောင်ရွက်ရသည့်အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဟောပြောခြင်းများ၊ လုံခြုံရေး၊ နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့် အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မိမိတို့အသုံးပြုလျက်ရှိသော SIM CARD များအသုံးပြုရာတွင် မိမိတို့အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်စသည့် အချက်အလက်များနှင့်ကိုက်ညီ၍ မှန်ကန်စွာအသုံးပြုနိုင်ရေး ဆွေးနွေးဟောပြောခဲ့ကြပြီး ဒေသခံမိဘပြည်သူများ၏ တင်ပြချက်များကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံနိုင်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။


သတင်း - စည်သူဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)