ပခုက္ကူတက္ကသိုလ်၌ အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများအတွက် အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများအတွက် အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်




MNP - အောက်တိုဘာ  ၂၈


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူတက္ကသိုလ်တွင် အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများအတွက် အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်၊ လေးထပ်ဆောင်(ဘွဲ့နှင်းသဘင်ခန်းမ)၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “၂၀၂၂ခုနှစ်တွင် အသစ်ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြများအနေဖြင့် ဆရာ၊ ဆရာမများ၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ပြီး မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား စေတနာ၊ဝါသနာ၊အနစ်နာ စသည့်နာ(၃)နာတို့ကို လက်ကိုင်ထားကာ စိတ်ရှည်သည်းခံစွာ သင်ကြားပေးကြရန်၊ ဒေသအလိုက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြင့် ယနေ့ခေတ်ပညာရေး ၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖြစ်ကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာ၊ ဆရာမများ၏ ကြိုးစားအားထုတ်မှု၊ ဉာဏ်ပညာကြွယ်ဝမှုတို့သည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ကိုယ်တိုင် အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်မြင့်မားလာစေရေး အစဉ်လေ့လာသင်ယူခြင်း၊ သုတေသနကောင်းများ ရှာဖွေပြုစု ရေးသားတင်ပြခြင်းတို့ကို ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားသည်။


အဆိုပါသင်တန်းတွင် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဘာသာရပ်ဆိုင်ရာဌာနများမှ ပါမောက္ခ(ဌာနမှူး)၊ စီမံရေးရာဆရာ၊ ဆရာမများက အသစ်ခန့်အပ်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမ (၄၂)ဦးတို့အား ၂၀၂၂ခုနှစ်၊ ယမန်‌နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေအပါအဝင် စီမံ၊ ဘဏ္ဍာ၊ သင်တန်းရေးရာလုပ်ငန်းများ၊ ဘာသာရပ်ဆိုင်ရာသင်ရိုးများ၊ ပညာရေးသီအိုရီ၊ ပညာရေးစိတ်ပညာ၊ သင်ကြားရေးနည်းပညာများ၊ ဒေသ အကျိုးပြုနှင့် နိုင်ငံအကျိုးပြုဆောင်ရွက်နိုင်မည့် သုတေသနလုပ်ငန်းများ စသည့် သင်ခန်းစာများကို စာတွေ့၊လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဘာမီသာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)