ရှမ်းရွာသစ်မြို့တွင် တောင်သူများ စားနပ်ရိက္ခာဖူလုံစေရေးမိုးစပါးစိုက်ဧက (၅၇၈၈)ဧကစိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် တောင်သူများ စားနပ်ရိက္ခာဖူလုံစေရေးမိုးစပါးစိုက်ဧက (၅၇၈၈)ဧကစိုက်ပျိုးပြီးစီး



MNP - အောက်တိုဘာ  ၁၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် လယ်ယာလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းများကို အဓိကထားပြီး လုပ်ကိုင်လျက်ရှိရာ ဒေသနေတောင်သူများ ယခုဘဏ္ဍာနှစ်တွင် မိုးစပါး (၅၇၈၈) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိုးစပါးစိုက်ဧက (၃၆၂၅)ဧကနှင့် တောင်ယာစိုက်ဧက(၂၁၆၃)ဧကကို ဇွန်လမှစ၍ စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကတောင်သူများ စားနပ်ရိက္ခာဖူလုံစေရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုအရည်အသွေးများ တိုးတက်လာစေရေးနှင့် မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး စပါးအထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသရေမြေနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးသန့်စပါးဖြစ်သည့် ဆင်းသုခ၊ မနောသုခ၊ အီခရက်မျိုးစပါးများကို အများဆုံး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြကြောင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေ ဩဇာတွဲဖက်အသုံးပြုခြင်း စံပြစပါးကွက်ကိုလည်း စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ စိုက်ပျိုးထားကြောင်း၊ ဒေသနေတောင်သူများ စိုက်ပျိုးရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာများကိုလည်း လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ဇင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)