မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူများအား (၅) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူများအား (၅) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး



MNP - အောက်တိုဘာ   ၇


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဒီးဒုတ်တောင်ကျေးရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား (၅) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း (၃၀၀) ကို ဆပ်/ထုတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့်  ဆပ်ပြာကျင်းကျေးရွာအုပ်စု ဒီးဒုတ်တောင်ကျေးရွာတွင် (၅) ကြိမ်မြောက အဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက ကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၀ ဦး အား ထုတ်ချေးငွေ ကျပ် ၂၆.၉၅ သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦးအား ထုတ်ချေးငွေ ကျပ် ၁၁.၅၅ သန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦးအား ထုတ်ချေးငွေ ကျပ် ၁.၃ သန်းတို့ကို အသီးသီးထုတ်ချေးပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။         


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)