တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၁၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကြီးကို ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ယနေ့နံနက်က ကျင်းပခဲ့သည်။


အဆိုပါ အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကြီးကို ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများစုပေါင်းကာ ကထိန်လျာသင်္ကန်းနှင့် ပဒေသာစုစုပေါင်း ၄၅ ပင်ဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရှမ်းတိုင်းရင်းသားရိုရာ အိုးစည်ဗုံမောင်းအဖွဲ့များ၊ တိုးနယားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များတို့က စနစ်တကျ စည်တန်းလှည့်လည် ပူဇော်ကျင်းပခဲ့ကြကြောင်း သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)