မိုင်းရယ်၌ မြို့နယ်သံဃာ့ဆေးရုံ ရေစက်ချလှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်၌ မြို့နယ်သံဃာ့ဆေးရုံ ရေစက်ချလှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၉


မန္တလေးမြို့မှ အလှူရှင် ဒေါ်နန်းလှခင် မိသားစုက ဆောက်လုပ်လှူဒါန်းသည့် မြို့နယ်သံဃာ့ဆေးရုံ ရေစက်ချလှူဒါန်းခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံမျက်နှာချင်းဆိုင်ရှိ အဆိုပါအဆောက်အဦးရှေ့တွင် ပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဂန္ဓမာလာ၊ လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သီရိထွန်း၊ အလှူရှင် ဒေါ်နန်းလှခင်တို့မှ မြို့နယ်သံဃာ့ဆေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။


ယင်းနောက် တာဝန်ရှိသူများက မြို့နယ်သံဃာ့ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကြပြီး ရှမ်းရိုးရာတိုးနယား/ကိန္နရီအကများဖြင့် ကပြဖျော်ဖြေနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ မြို့နယ်သံဃာ့ဆေးရုံအဆောက်အဦးကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က အလှူရှင်ဒေါ်နန်းလှခင် မိသားစုမှတန်ဘိုးငွေကျပ် ၁၅၅၀၀၀၀၀ဝိ/ဖြင့် ပန္နက်ရိုက် ဆောက်လုပ်ခဲ့ပြီး သံဃာ ၇ ပါးဆံ့ (RC) တစ်ထပ် အဆောက်အဦးအမျိုးအစားဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)