(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စတင်ကျင်းပ








MNP ၊ အောက်တိုဘာ ၁၁

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)ကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဗဟိုအဆင့် ဟူ၍ အဆင့်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၈၈၃ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အကဲဖြတ်ပညာရှင် ၁၇၀ ဖြင့် စနစ်တကျ စိစစ်အကဲဖြတ် အမှတ်ပေး သွားကြမည်ဖြစ်ကြောင်း သိရသည်။


ယနေ့တွင် “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Banquet Hall ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ခါနွေဆန်း” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဖန်ထွေလာ”(မွန်) ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထွန်းလင်းလျှံလက်” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သနင်္ဂမည်”(ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “လွမ်းဓလေ့”(ပတ်ပျိုး) ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းမှုံကြွယ်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မင်းခမ်းတော်စုံ” ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရွှေပန်းပန်အစချီ လေးထွေသံကပ်နှင့် မြင်းခင်း” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရဝေဒေါင်းယဉ်ပျံ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် အသက်(၁၀ နှစ်မှ ၁၅ နှစ်) အမျိုးသမီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရွှန်းရွှန်းမြ” (သီချင်းခံ)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမာန်”(ဘွဲ့)ဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အာကာတစ်ခို” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်မှပြိုင်ပွဲဝင်က “ရွှေပစ္စုန်” (ယိုးဒယား)ဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။


“ကာလပေါ်တေး” တေးသီချင်းအဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ရောင်ပေစူး” သီချင်းဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖြူနီညိုပြာ” သီချင်းဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကောင်းသောပညာ” သီချင်းဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အမေ့အကြောင်း သတင်းကောင်း” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “စခန်းအောင်မြေ” သီချင်းဖြင့် လည်းကောင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ကျေးစေတမန်” သီချင်းဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သားမောင်မောင်” သီချင်းဖြင့် လည်းကောင်း၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အပျိုတော်မလေးမိနှင်းပျို” သီချင်းဖြင့် လည်းကောင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “နားလည်ပေးပါ” သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိမ်းရောင်စို” သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။


အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) Plenary Hall ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ် မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း ကကြိုးကကွက်စုံလင်စွာဖြင့် ယှဉ်ပြိုင်ကြသည်။


အရေးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ထိန်းသိမ်းစို့လေ ရိုးရာအမွေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)ပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မွေခံထိုက်စေ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “အားမာန်သစ်တည် ရှေ့သို့ချီ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပညာပြည့်ဝ နှလုံးလှ” ခေါင်းစဉ်ဖြင့် လည်းကောင်း ရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။


စောင်းအတီးပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ကျင်းပရာ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ဘုန်းမိုးသွန်းလောင်း” (သီချင်းခံ)ဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး)ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းဟေဝန်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း)အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “စုံသာမြိုင်လယ်” (သီချင်းခံ)ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ရွေတညာ” (ယိုးဒယား)ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သာဆန်းရဂုံဗွေ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ယသော်ဓရာ” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်မှပြိုင်ပွဲဝင်က “ရွှေဘုန်း ရွှေဘုန်းတော်” (ကြိုး)ဖြင့် လည်းကောင်း ငြိမ့်ညောင်းသာယာစွာ တီးခတ်ယှဉ်ပြိုင်ကြသည်။


ဆိုင်းအဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း)အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။


ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ (လေ့ကျင့်ရေးဇာတ်ရုံ)၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကုဏ္ဍလာအိုင်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မိုးလုံးပတ်လည်” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ညာသပြေဘောင်” (ကြိုး)ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ယသော်ဓရာ” (ယိုးဒယား)ဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မဏိကဉ္စနာ” (ပတ်ပျိုး)ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “ရွှေပန်းပန်ငယ်နှင့် ကိုယ်တော်နှင်းနံ့” (လေးထွေသံကပ်)ဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သောင်းရွှေလယ်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မှိုင်းပြာမှုံဝေ” (ပတ်ပျိုး)ဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။


စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောတောင်စွယ်” (ယိုးဒယား) ဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “ထောင်ရောင်နေကသာ” သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “တောတောင်စွယ်” (ယိုးဒယား)ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “တောမြိုင်စွန်း” သီချင်းဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “သာဆန်း” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မန်းတောင်လက်ယာ” သီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မိန်ရာသီ” သီချင်းဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင်မင်္ဂလာ” သီချင်းဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “မြိုင်ယံရွှေလျှံ” သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြိုင်ယံရွှေလျှံ သီချင်းဖြင့်လည်း ကောင်း၊ ကချင်ပြည်နယ်မှ ပြိုင်ပွဲဝင်က “မိန်ရာသီ” သီချင်းဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်က “အောင်မင်္ဂလာ” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မဲဇာရွှေလီ” သီချင်းဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောနှင့်တောင်စွယ်” သီချင်းဖြင့်လည်းကောင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဂန္တမာတောင်” သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။


ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များနှင့် တာဝန်ရှိသူများ ပြိုင်ပွဲနေရာအသီးသီး၌ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။


မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်နိုးကြသူများ၏ မျှော်လင့်ချက် တစ်ခုဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင်(၂၃)ကြိမ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် (၂၂)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး ၅ နှစ်ကျော်နီးပါး ရပ်နားထားခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် ရှေးယခင်အခါများနည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကနေ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခု(၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက စုပေါင်းပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)