ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးလမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးလမ်းညွှန်မှာကြား

 



MNP - အောက်တိုဘာ   ၁၆


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်းနှင့် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး  လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး လမ်းညွှန်မှာကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းသို့ နံနက် ၈:၃၀ အချိန်ကရောက်ရှိပြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသူသင်တန်းသားများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက တစ်နိုင်ငံလုံး သူနာပြုသင်တန်း ကျောင်းပေါင်း ၅၃ ကျောင်းရှိရာ မြောင်းမြသူနာပြုသင်တန်းကျောင်းသည် စနစ်တကျ သေသေချာချာ ဆောက်လုပ်ထားသည့် ကျောင်းဖြစ်ကြောင်း၊ သင်တန်းသူသင်တန်းသားများကို လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ၊ စားရေးသောက်ရေး ပြည့်စုံအောင်စီစဉ်ပေးထားကြောင်း၊ သင်တန်းသားများအနေဖြင့် စာသင်ရင်းနဲ့ လူနာတွေကို ပြုစုကုသတဲ့ အတွေ့အကြုံများ ရယူဖို့ လိုကြောင်း၊ သင်တန်းကျောင်းအုပ်ဆရာမကြီးနဲ့ သင်တန်းဆရာ၊ ဆရာမများကလည်း သင်တန်းသူ၊ သင်တန်းသားများအပေါ် မိမိတို့ရဲ့ သားသမီးများကဲ့သို့ စောင့်ရှောက် သင်ကြားကြရန် လိုကြောင်း၊  ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန် သူနာပြုဆရာမကြီးများနဲ့လည်း ညှိနှိုင်းပြီး လက်တွေ့ပိုင်း သင်ကြားပြသပေးရန်လိုကြောင်း၊ သင်တန်းသူ သင်တန်းသားများကလည်း သင်တန်းပြီးလျှင် လုပ်ငန်းခွင်ကို ဝင်ရမှာဖြစ်ကြောင်း၊ သင်တန်းသားများကို ရွေးချယ်ရာတွင် သူနာပြုအလုပ်ကို တစိုက်မတ်မတ် လုပ်မည့်သူများကို ရွေးချယ်ရန်လိုကြောင်း၊ သူနာပြုကျင့်ဝတ်ကို အမှန်တကယ် လိုက်နာဆောင်ရွက်ရန် လိုကြောင်း မှာကြားပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းသူ သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး သင်တန်းကျောင်းရှိ ကျောင်းဆောင်များ၊ စာသင်ခန်း၊ လက်တွေ့ခန်း များကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းသည် ၁၅.၁၁.၂၀၁၉တွင် စတင်ဖွင့်လှစ်ပြီး ယခုလက်ရှိတွင် ပထမနှစ် သူနာပြု  သင်တန်းသူ၊ သင်တန်းသား ၇၀ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးကို ဆက်လက်သွားရောက်ပြီး ဆေးရုံအုပ်ကြီးနှင့် ဆရာဝန် သူနာပြုဝန်ထမ်းများနှင့် တွေ့ဆုံပြီး  ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နေမှုများ၊ ဆေးရုံအတွင်း လိုအပ်သည့် ဆေးဝါးများ၊ ပစ္စည်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)