တာမွေမြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ



MNP ၊  အောက်တိုဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သန့်ရှင်းလတ်ဆတ် ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များ အတွင်း ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိ စားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ်ရှိ ပုဏ္ဏားကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဆန်၊ ဆီ နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ( Mobile Market ) ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ တာမွေမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအား ( Mobile Market ) ဖွင့်လှစ်၍ သက်သာသော ဈေးနှုန်း များဖြင့် ဆန်၊  ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ရောင်းချပေးရာတွင် ဆန်ချောတစ်ပြည်လျှင်  ငွေကျပ်(၁၇၀၀/-) နှုန်းဖြင့် ဆန်ပြည်ပေါင်း(၂၄၀)၊ ဆီတစ်ပိဿာလျှင် ငွေကျပ် (၄၁၅၀/-) နှုန်းဖြင့် ဆီပိဿာချိန်(၁၁၀)နှင့် ကြက်ဥတစ်လုံး လျှင် ငွေကျပ် (၁၇၅/-)နှုန်းဖြင့် ကြက်ဥအလုံးပေါင်း(၁၀၀၀)အား ဒေသခံပြည်သူများကို အသီးသီး ရောင်းချပေးခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ တစ်ခဲနက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ပြင်ပဈေးကွက်၌ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အခြေခံ လူတန်း စားများ၏ စားဝတ်နေရေးကိစ္စတွင် အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းပြီး တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ( Mobile Market ) ဖွင့်လှစ်၍ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)