ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များ စခန်းသွင်းလေ့ကျင့်နေမှု သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များ စခန်းသွင်းလေ့ကျင့်နေမှု သွားရောက်ကြည့်ရှုအားပေး

 





MNP ၊  အောက်တိုဘာ ၄

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲသို့ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့ဝင်များ စစ်တွေတက္ကသိုလ်၌ စခန်းသွင်းလေ့ကျင့်နေမှု ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ အားကစားလေ့ကျင့်ရေးခန်း မ၌ အဆို၊ အရေးပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲ ဝင်များက ဗဟိုအဆင့်တွင် ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်နေသော တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲဝင်များအား ဗဟိုအဆင့်ပြိုင်ပွဲ တွင် ပြည်နယ်၏ဂုဏ်ဆောင်နိုင်ရန်အတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုများကို စနစ်တကျ လေ့လာမှတ်သားကာ ကြိုးစားလေ့ကျင့်ကြရန်နှင့် လိုအပ်ချက်ရှိပါကလည်း တင်ပြပေးကြရန်ပြော ကြားပြီး ပြိုင်ပွဲဝင်များအား အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၊ အားကစားခန်းမ၌ အကအဖွဲ့ဝင်များ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး အကအဖွဲ့ဝင်များ က အခြေခံကဗျာလွတ်အက၊ တစ်ဦးချင်းအကနှင့် မွန်ရိုးရာအကများဖြင့် လေ့ကျင့်ကပြဖျော်ဖြေကြ သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အကအဖွဲ့ဝင်များကို အားပေးစကားပြော ကြားကြပြီး အချိုရည်နှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။


(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စစ်တွေတက္ကသိုလ်၌ ပြိုင်ပွဲဝင် ၆၆ ဦးကိုစခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်းသိရသည်။ 


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)