ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်



MNP - အောက်တိုဘာ   ၄


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)တို့ ပူးပေါင်းကာ ရခိုင်ပြည်နယ်ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် အခြေခံကွန်ပျူတာသင်တန်း (Basic Computer Course) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အစိုးရနည်း ပညာအထက်တန်းကျောင်း (စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေးကိစ္စရပ်များကို အရှိန်အဟုန်မပျက် ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်ပြီး အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးအဆင့်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ပထမငါးနှစ်စီမံချက်တွင်လည်း အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် ကလေးသူငယ် လေ့ကျင့်ရေးသင်တန်း ကျောင်းများသို့ ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများအတွက် ထိရောက်သင့်လျော်သော ဘတ်ဂျက်ငွေတင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဈေးကွက်များမြှင့်တင်ခြင်း၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်စ္စည်း ထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ရန် ဖော်ပြထားခြင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာငွေနှင့် ရခိုင်ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီက ယခုကဲသို့ သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်သည့်အခါတွင်းလည်း ဝင်ငွေရရှိနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသနှင့်ကိုက်ညီသော သက်မွေးပညာအကြိုသင်တန်းများ၊ သက်မွေးပညာသင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ လူမှုစီးပွားဘဝ အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်ပြီး ဝင်ငွေတိုး တက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ကောင်းများနှင့် ဖွင့်လှစ်ပေးခြင်းဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများမှတစ်ဆင့် လုပ်ငန်းခွင်ဝင်နိုင်သည့်အဆင့် ဖြစ်အောင်ကြိုးစား သင်ယူကြရန် အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ကြွယ်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းခန်းမ၌ သင်တန်းသား၊ သင်တန်းသူများ ကွန်ပျူတာသင်ကြားနေမှုအားလှည့်လည် ကြည့်ရှုကြသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ)မှ ဆရာ၊ ဆရာမများက အောက်တိုဘာလ ၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)