မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ မိတ္ထီလာကန်နှင့် အခြားအစိုးရထိန်း ဆည်ကန်တမံများ ရေပြည့်မှတ်အထက် ကျော်လွန်ရောက်ရှိနေသဖြင့် ရေကူလျှော့ချခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ မိတ္ထီလာကန်နှင့် အခြားအစိုးရထိန်း ဆည်ကန်တမံများ ရေပြည့်မှတ်အထက် ကျော်လွန်ရောက်ရှိနေသဖြင့် ရေကူလျှော့ချခြင်းများဆောင်ရွက်

 




MNP - အောက်တိုဘာ   ၁၂


  မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ မိတ္ထီလာကန်နှင့် အခြားအစိုးရထိန်း ဆည်ကန်တမံများ အောက်တိုဘာလ ၁၂ နေ့ထုတ်ပြန်ချက်အရ  ရေပြည့်မှတ်အထက် ကျော်လွန်ရောက်နေသဖြင့် ရေကူလျှော့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ ချောင်းကောက်ရေလှောင်တမံ၊ လွန်ငင်ရေလှောင်တမံ၊ ညောင်ကုန်းတမံ၊ ရှမ်းမငယ်ရေလှောင်တမံ၊ မုန်တိုင်ရေလှောင်တမံ၊ မိတ္ထီလာကန်နှင့် မြင်တော်ကန်တို့တွင် မိုးရွာသွန်းမှုများ ၍ ၎င်းဆည်ကန်တမံများမှာ ရေပြည့်မှတ်အထက် ကျော်လွန်ရောက်ရှိနေသဖြင့် ရေကူလျော့ချခြင်းဆောင်ရွက်လျက်ရှိ သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ချောင်းကောက်ရေလှောင်တမံရေပိုလွှဲမှ ရေပြည့်မှတ်အထက် (ဝ.၅)ပေ ရောက်ရှိနေပြီး ရေပြည့်မှတ်ရှိ ဧကပေအ ထက် (၃၇၅)ဧကပေ ရေကျော်လွန်ရောက်ရှိနေရာ ပိုလျှံရေများကို ချောင်းကောက် ရေပိုလွှဲအောက်ပိုင်းရှိ ချောင်းကောက်ချောင်းမှ တစ်ဆင့် သာစည်မြို့နယ် ညောင်ရမ်းကန်အတွင်းသို့ စီးဝင်စေခြင်း၊ ချောင်းကောက်လက်ယာမြောင်းမှ ယင်းတော်ကန်အတွင်းသို့ (၄၀)ကျူ့ဆက်ဖြင့် ရေကူပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် လွန်ငင် ရေလှောင်တမံတွင် ရေပြည့်မှတ်အထက်သို့ (ဝ.၅)ပေရောက်ရှိနေပြီး ရေပြည့်မှတ်ရှိဧကပေအထက် (၃၇)ဧကပေရေကျော်လွန်ရောက်နေသည်။ ၎င်းအပြင်  ညောင်ကုန်းတမံတွင် ရေပြည့်မှတ်သို့ ရောက်ရှိရန် (ဝ.၁၀)ပေ လိုအပ်သော်လည်း  ချောင်းကောက်-မိတ္ထီလာကန်ဆက်သွယ်မြောင်း အမှတ် (၄)မှ တစ်ဆင့် မိတ္ထီလာကန်အတွင်းသို့ (၁၀၀) ကျူ့ဆက်ဖြင့် ဆက်လက် ရေကူလျှော့ချ ဆောင်ရွက် လျက်ရှိသည့်အပြင် ရှမ်းမငယ်ရေလှောင်တမံတွင်လည်း ရေပြည့်မှတ်အထက်သို့ (၁.ဝ)ပေ ရောက်ရှိ နေပြီး ရေပြည့်မှတ်ရှိ ဧကပေအထက် (၁၂၉၅)ဧကပေ ရေကျော်လွန်ရောက်ရှိရာ ပိုလျှံရေများကို ရှမ်းမငယ်ရေပိုလွှဲ အောက်ပိုင်းရှိ ရှမ်းမငယ်ချောင်းမှ တစ်ဆင့် မုန်တိုင်ရေလှောင် တမံသို့ စီးဝင် လျက်ရှိသည်။ ရှမ်းမငယ်ရေ ထုတ်ပြွန်မှလည်း မုန်တိုင်တမံသို့ (၅၀)ကျူ့ဆက်ဖြင့် ရေကူလျှော့ချ ဆောင်ရွက်လျက်ရှိသည်။


ဆက်လက်၍ မုန်တိုင်ရေလှောင်တမံတွင်လည်း ရေပြည့်မှတ်အထက်သို့ (ဝ.၂)ပေရောက်ရှိနေပြီး ရေပြည့်မှတ်ရှိ ဧကပေအထက် (၃၆၅) ဧကပေ ရေကျော်လွန်ရောက်ရှိနေရာ ပိုလျှံရေများကို မုန်တိုင် ရေပိုလွှဲ အောက်ရှိ မုန်တိုင်ချောင်းမမှ တစ်ဆင့် မိတ္ထီလာ(မြောက်ကန်) အတွင်းသို့ စီးဝင်လျက်ရှိ သည်။ မုန်တိုင် ရေထုတ်ပြွန်မှလည်း မုန်တိုင်ချောင်းမမှ တစ်ဆင့် မိတ္ထီလာ(မြောက်ကန်)အတွင်းသို့ (၁၅၀) ကျူ့ဆက်ဖြင့် ရေကူလျော့ချ ဆောင်ရွက်လျက်ရှိသည်။ မိတ္ထီလာကန်တွင်လည်း ရေပြည့်မှတ် အထက်သို့ (ဝ.၅)ပေရောက်ရှိ နေပြီး ရေပြည့်မှတ်ရှိ ဧကပေအထက် (၁၇၇၀)ဧကပေ ရေကျော်လွန် ရောက်နေသည်။ သို့ဖြစ်ပါ၍ မိတ္ထီလာကန်အတွင်းသို့ ညောင်ကုန်းရေလှောင်တမံမှ (၂၀၀)ဧကပေ၊ မုန်တိုင်ရေလှောင်တမံမှ (၁၁၀၀) ဧကပေ၊ စုစုပေါင်း (၁၃၀၀)ဧကပေရှိပြီး မိတ္ထီလာကန်မှ ပြည်လည် ထုတ်လွှတ်ရေ မိတ္ထီလာရေကျော်(၇)ပေါက် ရေတံခါးမှ တစ်ဆင့် သာစည်မြို့နယ် မင်းလှကန်သို့ (၁၂၀၀)ဧကပေ၊ မိတ္ထီလာ(တောင်ကန်) လူးခင်းကြီး ရေတံခါးမှ (၆၀)ဧကပေအား ကန်တောင်ကန် အတွင်းသို့ လည်းကောင်း၊ မိတ္ထီလာမြောင်ကန် အလယ်မြောင်းမှ (၁၈၀)ဧကပေအား သာစည်မြို့ နယ် ပေပင်ကန်သို့ စိုက်ပျိုးရေ စုစုပေါင်း (၁၄၄၀)ဧကပေ ရေကူလျော့ချလျက်ရှိသည်။ ယင်းအပြင် မြင်တော်ကန်မှာလည်း ရေပြည့်မှတ်အထက်သို့ (ဝ.၅)ပေရောက်ရှိ ရေကျော်လွန်နေ၍ ပိုလျှံရေများကို မြင်တော်ကန်ရေပိုလြွှမှ ဆည်ကုန်းအုပ်စု စပါးတောင်ဆည်ကန်ကျေးရွာမှ ထိန်းသိမ်းသည့် ကန်အတွင်းသို့ စီးဝင်စေခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ယင်းသို့ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ထိန်းသိမ်းမှု အောက်ရှိ မိတ္ထီလာကန်အတွင်း ရေပြည့်မှတ်အထက်သို့ (ဝ.၆)ပေကျော်လွန်နေပါ၍ မိတ္ထီလာမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် နန်းတောင်ကုန်းရပ်ကွက်နှင့် ဥယျာဉ်ကုန်း၊ သဲတောလေး၊ ခင်းလူး၊ခြောက်ပင်၊ ရွာသာရွာ၊ မောက်လောက်၊ အုတ်ဖို၊ ကံကြီး၊ ရှင်မြို့၊ လက်ပံ့ခါးကော့၊ ဆည်ကုန်း၊ ရွာမကျေးရွာအတွင်းသို့ ရေများဝင်ရောက်နိုင်ပါကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)