ဝက်လက်မြို့၌ အိမ်ထောင်စုပေါင်း ၁၂၀၀ အား စားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့၌ အိမ်ထောင်စုပေါင်း ၁၂၀၀ အား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်



MNP - အောက်တိုဘာ   ၁၂


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ အခြေခံလူတန်းစား အိမ်ထောင်စု ၁၂၀၀ ကို အမှတ် ၃ ရပ်ကွက်နေ ဦးခိုင်ကြီး၊ ဒေါ်စံပယ် မိသားစုမှ စားသောက်ကုန် ၅ မျိုးကို ယမန်နေ့ ညနေပိုင်းက ရတနာပုံ သီးနှံမျိုးစုံ ရောင်ဝယ်ရေး ဆိုင်ရှေ့တွင် လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။


ဝက်လက်မြို့ပေါ် ရပ်ကွက်အသီးသီးရှိ အခြေခံလူတန်းစား အိမ်ထောင်စုများစာရင်းကို ကြိုတင်စာရင်း ကောက်ယူပြုစုရာတွင် အိမ်ထောင်စု အိမ်ထောင်စု ၁၂၀၀ ရရှိခဲ့ရာ အဆိုပါ အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန် ၅ မျိုးဖြစ်သည့် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက် ၁ ထုတ်၊ ငါးသေတ္တာ ၁ ဘူး၊ ကြက်ဥ ၁၀ လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးစိုးလှိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)