တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 



MNP - အောက်တိုဘာ   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ဘာသာရေးကျောင်းများအား ယမန်နေ့ မွန်းလွဲညနေပိုင်းက  ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်သာသနာရေး ဦးစီးဌာနမှူး ဦးသိန်းထွန်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် Mask၊ Hand Gel၊ ကြာပန်းဆေး၊ အရက်ပြန်၊ လက်သန့်ဆေးရည်များကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟိန္ဒူဘာသာရေးကျောင်းနှင့် ငြိမ်းချမ်းခြင်းမယ်တော်သခင်မကျောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ တရုတ်ဗုဒ္ဓဘာသာကျောင်း၊ အမှတ်(၃) ရပ်ကွက်ရှိ ဂျာမေ့ပီတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)