သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး သဘာဝရေပြင် ငဝန်မြစ်အတွင်း ငါးသားပေါက် (၃၅၀၀၀၀) ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး သဘာဝရေပြင် ငဝန်မြစ်အတွင်း ငါးသားပေါက် (၃၅၀၀၀၀) ငါးမျိုးစိုက်ထည့်



MNP - အောက်တိုဘာ   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး အတွက် ငါးသားပေါက်(၃၆၀၀၀၀)ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ သာပေါင်းမြို့မှ ကြိုဆိုပါ၏ ငဝန်မြစ်ရေဆိပ်တွင် သဘာဝရေပြင်ထဲသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။


အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာ၊ ဦးစီးမှူးဦးမျိုးသိန်းမှ ငါးစားသုံးမှုမြင့်မားလာပြီး ငါးသယံဇာတ တိုးပွားလာစေရေး၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတတ်မြင့်မားလာစေပြီး ပြည်သူများ ငါးစားသုံး မှုဖူလုံစေရေးတို့အတွက် ရည်ရွယ်ချက်ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီးနောက် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃)ဦးမောင်မောင်၊ ပုသိမ်ခရိုင်ငါး လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များမှ သဘာဝရေပြင် ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၃၀၀၀၀၀)၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ(၅၀၀၀၀)နှင့်တို့အား စုပေါင်းငါးမျိုးစိုက်ထည့် ခဲ့ကြကြောင်းသိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)