သရက်မြို့၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 



MNP - အောက်တိုဘာ   ၁၈


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၂) ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သရက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူးက ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်နှင့် နိုင်ငံသားမှတ်ပုံတင်မထုတ်ပေးမီ ကတ်ပြားတွင် အမည်နှင့် မွေးသက္ကရာဇ်ကို ကျောင်းဝင်မှတ်ပုံတင် စာရင်းအတိုင်း မှန်ကန်မှုရှိ/မရှိ စစ်ဆေးကြရန် ပြောကြားပေးခဲ့သည်။


ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား မှတ်ပုံတင်ကတ်ပြားများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ကျောင်းသား/ကျောင်းသူများအား အောက်တိုဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ မှတ်ပုံတင်ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)