ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကျင်းပ




MNP - အောက်တိုဘာ  ၂၈


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယမန်နေ့နေ့လယ် ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ခဲ့သည်မှာ ပဉ္စမအကြိမ်မြောက် ရှိလာပြီဖြစ် ကြောင်း၊ ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာသုံးခုတို့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို Power Point များဖြင့် ရှင်းလင်းတင်ပြကြမည်ဖြစ်ပြီး ဌာနအသီးသီးကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားလိုပါကြောင်း၊ မိမိတို့ပြည်နယ်အတွက် အမှန်အကျိုးရှိစေမည့် ဆွေးနွေးချက်များကို တင်ပြ ဆွေးနွေးပေးကြရန်လည်း မှာကြားလိုပါကြောင်း၊ မိမိတို့အနေဖြင့် သံတွဲ၊ တောင်ကုတ်၊ အမ်းခရိုင် များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်များတွင် ခရီးစဉ်၌ လမ်းညွှန်ချက်အဖြစ် အချက်(၃၈)အား လုပ်ငန်းလမ်းညွှန်များအဖြစ် ချမှတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းလမ်းညွှန်ချက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ယူသည့်ကာလအတွင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိကြသည့် လမ်းများ၊ တံတားများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများအားလုံး အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ကဏ္ဍများအလိုက် ဆွေးနွေးပြောကြားကြပြီး  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက (၄/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားကာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညွှန်ကြားချက်များအားရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)