တစ်ဦးချင်းလုပ်ဆောင်ရမည်တာဝန်များကို မှန်မှန်ကန်ကန် ကျေပွန်စွာ ဆောင်ရွက်ခြင်းဖြင့် စွမ်းရည်ရှိသည့်တပ်မတော် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

တစ်ဦးချင်းလုပ်ဆောင်ရမည်တာဝန်များကို မှန်မှန်ကန်ကန် ကျေပွန်စွာ ဆောင်ရွက်ခြင်းဖြင့် စွမ်းရည်ရှိသည့်တပ်မတော် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်

008-01

008

009-01

009


MNP ၊ အောက်တိုဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပြည်တပ်နယ်သို့ ပထမဆုံး လာခြင်းဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်မှ နိုင်ငံရေးအရ အရေးပေါ် အခြေ အနေကြေညာခဲ့ရကာ နိုင်ငံ့တာဝန်ထိန်းသိမ်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူ ဆောင်ရွက်နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရဆူပူမှုများ၊ အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အကြပ်အတည်းများရှိခဲ့ ကြောင်း၊ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကိုလည်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရောဂါကာကွယ်ဆေးရရှိရေးအတွက်လည်း ပြည်ပနိုင်ငံများ သို့ မိမိကိုယ်တိုင် ဆက်သွယ်၍ အမြန်ဆုံးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်သိ ပြည်သူများ၏ ဝိုင်းဝန်းကူညီမှု၊ စည်းကမ်း လိုက်နာမှု တို့ဖြင့် ၎င်းအခက်အခဲများ၊ လိုအပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ရေမြေကောင်းများရှိပြီး စားရေရိက္ခာပေါများကြောင်း၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် စားရေရိက္ခာများကို ပြည့်ဝစွာရရှိခဲ့ ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည်တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ EAO များ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများ ကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သား များ နှင့် ပြည်သူများ တစ်သားတည်းဖြစ် အောင်ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်း ရန်လိုကြောင်း၊ နဝတ၊ နယက ခေတ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သော အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်များ ရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သော ပြည်သူများအနေဖြင့် အမြင်မကြည်လင်မှုများ ရှိနိုင်ကြောင်း။

၂၀၁၀ ပြည့်နှစ်တွင် မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင် ချိန်၌ တပ်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက် အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူ ဆက်ဆံရေးတိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်၏ အဆင့်ဆင့်တိုးတက်မှုများရှိလာခြင်းကြောင့် ၂၀၁၁ - ၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများက အချင်းချင်း သွေးကွဲစေရေး အတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်သည့် အဖွဲ့အစည်း တစ် ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်ကြားပေးထားသည့် ကာကွယ်ရေး ပညာရပ်များကို အမြဲမပြတ် ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှုရှိစေရန်အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများ အနေဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော် သားများစည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း။

ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဒုတိယလှိုင်း ဖြစ်ပွားချိန်၌ ကူးစက်မှုနှုန်းမြင့်တက်ခဲ့ကြောင်း၊ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်း ပေးနိုင်ခဲ့ပြီး ယခုအချိန်တွင် ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသဖြင့် နေထိုင်သွားလာစားသောက်မှုများကို ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ရာသီဥတုနှင့် ညီညွတ် မျှတသည့် နေထိုင်မှုများ ရှိရန်လိုကြောင်း၊ မိမိတို့ကိုယ်တိုင်သာမက မိသားစုဝင်များ အနေဖြင့်လည်း ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် ဗဟုသုတရစေသည့် စာပေများကို ဖတ်ရှု လေ့လာရန်နှင့် မိသားစုဝင်များကိုလည်း ပညာရည်မြင့်မားအောင် အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားအောင်ဆောင်ရွက်ပြီး မိမိဘဝကို ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်ရင်း/တပ်ဖွဲ့များ အလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုသကဲ့သို့ တစ်ဦးချင်းအလိုက်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည် ဆိုပါက ပြင်ပမှဝယ်ယူစားသောက်မှုများ လျော့နည်းသွားမည်ဖြစ်သဖြင့် ငွေကုန်ကျမှု ကိုသက်သာစေမည်ဖြစ်ကြောင်း။

တပ်မတော်မှ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် နိုင်ငံ၏ငွေကြေး ပြဿနာများ ဖြစ်ပေါ်စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့မှုများ ရှိကြောင်း၊ စက်သုံးဆီ၊ စားသုံးဆီနှင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သားများအားလုံးအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ချိန်တွင် တစ်ဦးချင်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်သည်တစ်ဦးချင်းအလိုက် စည်းကမ်းကောင်းမွန်ပြီး မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည်ဆိုပါက တပ်မတော်သည် စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်တစ်ရပ်အဖြစ် တည်ရှိနေမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ကို ပေးအပ်ရာ ပြည်တပ်နယ်မှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ပြည်တပ်နယ်မှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတရသ စာအုပ်စာစောင်များကို ပေးအပ်ရာ ပန်းတောင်း တပ်နယ်မှူးက လက်ခံ ရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages