ပုသိမ်မြို့ မြို့မဈေးနှင့်ရွှေပြည်သာဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့ မြို့မဈေးနှင့်ရွှေပြည်သာဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်



MNP - အောက်တိုဘာ  ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ဈေးများမီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင် သရုပ်ပြခြင်းအား ပုသိမ်မြို့၊ ရွှေပြည်သာဈေးနှင့်မြို့မဈေးခြားရှိဈေးချောင်းလမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။


ဈေးများမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်သရုပ်ပြခြင်းဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တို့၏ လမ်းညွှန်မှုကိုခံယူ၍  တိုင်းစည်ပင်သာယာရေးအဖွဲ့ ဒုတိယတိုင်းဦးစီးမှူးဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်ဦး၊ အဖွဲ့ဝင် ၂ ဦးစိုးပိုင်၊ ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်သူရ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူ/သားများ တက်ရောက်ခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးလှိုင်မှ မီးလောင်မှုဖြစ်ပွားနိုင်သည့်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတ်ဆေးဘူးသုံးစွဲပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး လက်တွေ့သရုပ်ပြခြင်း၊ ဈေးသူ/သားများမှ လက်တွေ့ဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်(၂)စီးဖြင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ ရွှေပြည်သာဈေးရှိ ရေဂါလံ(၁၂၀၀၀)ရှိ ဈေးမီးသတ်ရေကန်အတွင်းမှ ရေကိုစုပ်ယူ၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်ပြင်တွင် ထိခိုက်ဒါဏ်ရာရသူအား မီးသတ်ဦးစီးဌာနရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်လာသည့်လူနာအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်း ကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)