နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒုတိယအကြိမ် နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒုတိယအကြိမ် နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်




MNP - အောက်တိုဘာ  ၂၀


ဒုတိယအကြိမ် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  အသေးစား၊ အလတ်စားနှင့် အကြီးစား လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် အလုပ်အကိုင်များ ဖန်တီးပေးသလို အစိုးရ၏ အခွန်ငွေကိုလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများသည် အစားအစာဖူလုံမှုနဲ့ လုံခြုံစိတ်ချရမှုကို အထောက်အပံ့ပေးသလို ဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း မြန်မာပြည်သူများအတွက် မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်တဲ့အခါမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမှုတွေ ယှဉ်တွဲပါရှိလာနိုင်တဲ့အတွက် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်စေရေးကို ဦးတည်၍ ထိရောက်တဲ့ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းတွေကို ကဏ္ဍအလိုက် အထူးအလေးထား ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးမှာဖြစ်၍ ကော်မတီဝင်များအနေဖြင့်လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့အတွက် ဝိုင်းဝန်း ဆွေးနွေးကြစေ လိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် နေပြည်တော် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေက နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီ(ပထမအကြိမ်) ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ဒုတိယအကြိမ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များမှ နေပြည်တော်နှင့် သက်ဆိုင်သည့် ဆောင်ရွက်ရမည့်ဆုံးဖြတ်ချက်များ၊ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုမည့် အကြောင်းအရာ(မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က ‌ဆွေးနွေးချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဟိန်းသူအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)