တံတားဦးမြို့နယ်တွင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာချီးမြှင့်



MNP - အောက်တိုဘာ  ၃၁


  တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အကြမ်းဖက်စဉ်ကြောင့် သေဆုံးသူအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချီးမြှင့်ပေးအပ်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။


ဂုဏ်ပြုချီးမြှင့်ပေးအပ်ပြွတွင် တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက အမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်ကြောင့်သေဆုံးခဲ့သည့်တံတားဦးမြို့နယ် အင်းကူးကျေးရွာအုပ်စု ဂုံပင်အိုင်ကျေးရွာနေ ဦးအောင်မင်း ဂုံပင်အိုင်ကျေးရွာခွဲတာဝန်ထံအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပေးအပ်ချီးမြှင့်သည့် ရွှေဖြင့်ပြုလုပ်ထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိ ဂးဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာကို မိသားစုဝင်များအား လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။


သတင်း - ဦးရဲတင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)