ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေး ခရိုင်အဆင့် (ဒုတိယ) အကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေး ခရိုင်အဆင့် (ဒုတိယ) အကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်အဆင့် (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အက အလှပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်မျိုးသိန်းက ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်ပသွားနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လိုအပ်မှုမရှိရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ဦးစီး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆင်အကအလှပညာရှင်များ၊ မြို့မိ၊ မြိုဖများက လုပ်ငန်းကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းတင်ပြကြရာ ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းဆွေးခဲ့ကြောင်း သိရသည်။   


ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရွှေသာလျောင်ဘုရားဆင်လှူပွဲတော်အား ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်နေ့၊၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၉) နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို ၁၃၈၄ ခုနစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၃) ရက်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၂၂) နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆင်အကအလှပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)