မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ အရှေ့ရပ်ကွက် ရပ်မိ၊ရပ်ဖများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ အရှေ့ရပ်ကွက် ရပ်မိ၊ရပ်ဖများနှင့် တွေ့ဆုံ



MNP - အောက်တိုဘာ  ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား အရှေ့ရပ်ကွက်၊ ရေဝန်းဘုန်းတော်ကြီးကျောင်းတွင် ယမန့်နေ့ ည(၇)နာရီက တွေ့ဆုံကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လတ်က နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေး၊ ရေရရှိ ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက် လိုက်ပါလာကြသည့် မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သိန်းအောင်က နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးစသည့် အကြောင်းအရာများ ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လင်းတင်က ဒေသခံပြည်သူများ မိမိတို့၏ လိုအပ်ချက်နှင့် အခက်အခဲများရှိပါက တင်ပြနိုင် ကြောင်း၊ ချက်ချင်းဆောင်ရွက်ပေးနိုင်သည့် အရာများကို ချက်ချင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေ အနေများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ တက်ရောက်လာသော ဒေသခံပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ တင်ပြချက်များ မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)