ဟိုင်းကြီးကျွန်းမြို့၌ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ အလှူငွေများပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုင်းကြီးကျွန်းမြို့၌ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ အလှူငွေများပေးအပ်လှူဒါန်း

 



MNP - အောက်တိုဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၀၉:၀၀)အချိန်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားမစတင်မှီ ယမန်နေ့ည(၀၇:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနောက်တောင်စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းတို့ဦးစီးသော တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတနာရှင်အလှူရှင်များသည် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးရင်ပြင်တော်၌ သဲဖြူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလတော်မြတ်တို့ကို ခံယူဆောက်တည်ခဲ့ကြပြီး တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ပြုပြင်နိုင်ရန်အတွက် သဲဖြူဆရာတော်ဘုရားကြီးမှ အလှူငွေကျပ်သိန်း(၁၀၀)အား မတည်လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမိသားစုမှ အလှူငွေကျပ်သိန်း(၂၀၀)အားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်ရင်းတပ်ဖွဲ့များမှ(၄၅)သိန်းကျပ်အားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူးမိသားစုမှ(၅၈)သိန်း(၂)သောင်းကျပ်နှင့် စေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း(၃၁၅,၅၂၀,၀၀၀)ကျပ်ကို ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၀၄:၂၅)နာရီအချိန်တွင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ စနေထောင့်၌ သစ်သီး(၉)မျိုး၊ ပန်း(၉)မျိုးနှင့် အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းကာ သဲဖြူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာရားတော်များကို နာယူခဲ့ကြပြီး သံဃာတော်အပါး (၁၃၀)ပါးတို့အား ဆွမ်းသပိတ်နှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။


ထို့နောက် သဲဖြူဆရာတော်ဘုရားကြီးအမှူးပြုသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တည်ဆောက်ရေးရှင်းလင်းဆောင်သို့ သွားရောက်ခဲ့ပြီး MKT ဆောက်လုပ်ရေးကုမ္မဏီဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ရှင်းလင်းတင်ပြချက်များကို ကြည့်ရှုကာ လိုအပ်သည်များကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် နံနက်(၀၉:ဝဝ)နာရီတိတိအချိန်တွင် မင်္ဂလာအချိန်ကျရောက်ပြီဖြစ်သဖြင့် သဲဖြူဆရာတော်ဘုရားကြီးအမှူးပြုသော ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းဆိုင်ရာ ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကိုဆင်ယင်ကျင်းပခဲ့ကြပြီး နဂါးစာကျွေးခြင်း၊ နဂါးဖောင်မျောခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ရှိ SME လုပ်ငန်းအအေးခန်းစက်ရုံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား လှည်လည်ကြည့်ရှုအားပေးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဟိုင်းကြီး)နှင့် အ.ထ.က(အဏ္ဏဝါ)တို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား စာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးကာ ဗလာစာအုပ်များနှင့်စာရေးကိရိယာများကို လှူဒါန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ရှိ ပျက်စီးနေသော မြို့ပတ်လမ်း လမ်းပိုင်းအချို့အားကြည့်ရှုစစ်ဆေးပြီး အ.ထ.က(ဟိုင်းကြီး) အခြေခံပညာအထက်တန်းကျောင်းရှိ မြကျွန်းသာခန်းမတွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှိုင်မျိုးအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)