ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

 


MNP - အောက်တိုဘာ  ၁၅


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် ၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့၊ အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တာဝန် ထမ်းဆောင်ရာတွင် စနစ်တကျရှိရေး ၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရေး၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အမြဲမပြတ်ဆောင်ရွက်ထားရှိရန် ၊ ဝန်ထမ်းများ ၊ မိသားစုဝင်များနှင့် ပြစ်မှုကျခံနေသူများ အားလုံး ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို သတ်မှတ်ရက်များတွင် အကြိမ်ပြည့်ထိုးနှံရန်  မှာကြားခဲ့ပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အခြေခံစားကုန်များဖြစ်သော ဆန်၊ဆီနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိ သူများက အသီးသီး လက်ခံရယူခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နာမ်စေတီတော် ပရဝုဏ်အတွင်း ရာသီ ဥတုနှင့် သဘာဝဘေးများကြောင့် ပြုပြင်မွမ်းမံရန် လိုအပ်နေသော နေရာများ၊ အကာအရံ အုတ်တံတိုင်းများ၊ ဘုရားဖူးလာပြည်သူများ အသုံးပြုသည့် ကြွေပြားခင်းလျှောက်လမ်းနေရာများ ပြုပြင်မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်ကိုမျှော်မှန်းပြီး ပြုပြင်မွမ်းမံဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)