ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်း အနားကျင်းပ



MNP - အောက်တိုဘာ   ၉


မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ‌အောက်တိုဘာ ၉ ရက်  နံနက် ( ၅ ) နာရီ (၃၀)မိနစ်အချိန်၌ ဆံတော်ရှင် ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီ‌တော်ဩဝါဒ စရိယဆရာတော်နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဥူးအာစရ (ဘေးမဲ့မဟာ မရမ်းချိုကျောင်းတိုက်ဆရာတော်) အမှူးပြုသော ဩဝါဒ စရိယဆရာတော် (၁၁)ပါး တို့အား မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ မွန်ပြည်နယ် သာသနာရေးမှူး ဦးအောင်ဝင်းထွန်း၊ ပြည်နယ် ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်များမှ အာရုဏ်ဆွမ်းဆက် ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဩဝါဒစရိယ ဆရာတော် (၁၁)ပါးမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ် အားဆရာတော်ကြီးများနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ဖက်ဖျန်း၍‌ ပူဇော်ခဲ့ကြသည်။


ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး အဘယသုတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသာသနထံမှ (၉)ပါးသီလခံယူ ဆောက် တည်၍ဆရာတော်ကြီးများက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်ပေးရာ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဩဝါဒစရိယဆရာ တော်ကြီးများထံ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်း‌ ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့) အဖွဲ့ဝင်ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းပြီး ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


ထို့နောက် မွန်ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်၊ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ခေါင်းဆောင် ဦးစိုးလှတို့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်တော်၌ ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူ များ ကဆွမ်းဆန်စိမ်းနှင့်အတူ လှူဖွယ်ဝတ္ထုများ အားလောင်းလှူခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)