မိုးညိုမြို့နယ်၊ သဲရိုးကျေးရွာ(၁)တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၊ သဲရိုးကျေးရွာ(၁)တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်




MNP - အောက်တိုဘာ   ၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ သဲရိုးကျေးရွာ(၁)တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျ၍ လူနေအိမ်များနှင့် နီးကပ်လာသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါသဲရိုးကျေးရွာ(၁)တွင် ပြုလုပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးသီဟနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်တို့က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက်ထောက်ပံ့ငွေများကို ပေးအပ်ရာ ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့နေအိမ် (၃၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃,၁၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃၁)စုရှိ လူဦးရေ(၁၁၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၄၃,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၄၃,၆၀၀/-)ကျပ်အား မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးရွာအုပ်ရေးမှူး၊ ရပ်/ကျေးစာရေးဝန်ထမ်းတို့နှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)