အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့၌ မြေပြင်လူဦးရေစာရင်းဆိုင် ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေး




MNP - အောက်တိုဘာ   ၇


ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းအား  တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ အချိန်က အောက်ရွာကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။ 


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်ထွေ‌ထွေအုပ်‌ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍  အခြေခံလူဦးရေစာရင်းအား မှန်ကန်စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)