ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်‌နေမှုအားကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်‌နေမှုအားကြည့်ရှု





MNP ၊  အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့နံနက် ၁၁:၄၅ အချိန်တွင်ရောက်ရှိခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများကကြိုဆိုခဲ့ကြသည်။

ထို့နောက်ဝန်ကြီးချုပ်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများမေးမြန်းပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း တစ်ပိုင်တစ်နိုင် တိုင်းရင်းကြက် မွေးမြူထားရှိမှုအားသွား‌ရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကင်းကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ရောက်ရှိကာတိုက်နယ်ဆရာဝန်ဒေါက်တာကောင်းမြတ်ထက်နှင့်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆေးရုံအတွင်းတက်‌ရောက်ကုသ‌‌လျက်ရှိ‌သောလူနာများအားကြည့်ရှုအား‌ပေးစကား‌ပြောကြားခဲ့သည်။ ထို့နောက်ပြည့်စင်ကုန်ကျေးရွာနှင့်ပတ္တော်ကျေးရွာအကြားရှိ ဆိုဒ်အမှတ်(၁၄)တွင် ဆောင်ရွက်လျက်ရှိသော အရှည်(၅)မိုင်ရှိ ရေကင်းအုပ်စု၊‌မြောက်ရွာမှ မြစ်သာအုပ်စု၊မြစ်သာတံတားအထိ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှု၊ ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

                                           

ကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)