MNP - အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများအပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်မှ စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန်၊ ရုံးများလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ကြရန်၊ စစ်ကြောင်းများ အလိုက်လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူးမှ ရုံးဝန်ထမ်းများအနေဖြင့် မိမိတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာသံသယရှိပါက ကျန်းမာရေးဌာနသို့လာရောက်စစ်ဆေးကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ရပ်ကွက်များကို အလှည့်ကျထိုးပေးနေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများအား Mask များလှူဒါန်း ခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment