စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၄/၂၀၂၂ ကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၄/၂၀၂၂ ကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပပြုလုပ်



MNP - အောက်တိုဘာ    ၁၃


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ၄/၂၀၂၂ အခြေခံရှေးဦးပြုစုခြင်း ကျောင်းကြက်ခြေနီသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ် ၄ နာရီအချိန်က သင်တန်းဆင်းပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးပြုစုခြင်းကြက်ခြေနီသင်တန်းကို အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကာ ပညာရေးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်းသင်တန်း ၄/၂၀၂၂ ကို ဖွင့်လှစ်ခဲ့ရာ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်မောင်မယ်များ ရှေးဦးပြုစုခြင်း အတတ်ပညာတတ်မြောက်စေရန်နှင့် ရှေးဦးပြုစုခြင်းနည်းပညာ ပြန့်ပွားစေရန်၊ ကြက်ခြေနီလူမှုဂရုနာလုပ်ငန်းများအား ပြည်သူများပိုမိုသိရှိလာစေရန်၊ မတော်တဆထိခိုက်မှုများနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက စနစ်တကျတုံ့ပြန်ကူညီတတ်စေရန်၊ အနာဂတ်၏ ကြက်ခြေနီလူငယ် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်နှင့်ပြည်သူအများ၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ ကျန်းမာရေးအသိ ပညာများမြှင့်တင်ရန် ဘေးဒုက္ခကျရောက်သူများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ရန် ရှေးဦးပြုစုခြင်းပညာများဖြစ်သည့် အတတ်ပညာအသိပညာများ လူထုအတွင်းပြန့်နှံ့ရန်၊ ကြက်ခြေနီအမှတ်အသား အရေးပါမှုအား သိရှိကြစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း စလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်မှ သင်တန်းမစမှီပြောကြားခဲ့သည်။ ထို့နောက် စလင်းမြို့နယ်ပညာရေးဌာနနှင့် ၄/၂၀၂၂ သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်၊ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်အောင်မိုးနှင့် သင်တန်းနည်းပြဆရာနှစ်ဦးဖြစ်သည့် ဦးကောင်းဖြိုးမင်းနှင့်ဒေါ်ရည်မွန်လင်း၊ အကူနည်းပြနှစ်ဦးတို့ဖြင့် စာတွေ့လက်တွေ့သရုပ်ပြသင်ကြားခဲ့ရာ အောက်တိုဘာ ၁၂ ရက် ယမန်နေ့ နေ့လယ် ၄ နာရီအချိန်က သင်တန်းသားသင်တန်းသူမောင်မယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများကို စာမေးပွဲဖြေဆိုသည့် နည်းလမ်းများအတိုင်း စစ်ဆေးဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါသင်တန်းအား တက်ရောက်ကြသည့် အခြေခံပညာကျောင်း (၂၇) ကျောင်းမှ ကျောင်းသား ၁၁၃ ဦး၊ ကျောင်းသူ ၅၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ ရှေးဦးအတတ်ပညာဖြေဆိုကြသည့် ကျောင်းသားမောင်မယ်များမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများမှ ဆုများပေးအပ်မည်ဖြစ်ပြီး သင်တန်းပို့ချကြသည့် နည်းပြများနှင့်ကြက်ခြေနီအသင်းဥက္ကဋ္ဌတို့အား ကန့်တော့ကြပြီး အမှတ်တရ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)