လပွတ္တာမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 



MNP - အောက်တိုဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် လပွတ္တာမြို့နယ်ရှိ အ.ထ.က ၂ ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် လပွတ္တာခရိုင်ပညာရေးမှူး ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက ပညာရေးဆိုင်ရာ စီမံဘဏ္ဏာနှင့် ပညာအထွေထွေ ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အားအသေးစိတ်ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး မျိုးလွင်က အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်၊ မူလတန်းကျောင်းအုပ် စုစုပေါင်း ၄၂၂ ဦးတို့ တက်ရောက် သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအား လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် ပညာရေးမှူးတို့က စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စီမံကိန်း၊ ကြီးကြပ်အကဲဖြတ် ဘာသာရပ်များ အား နံနက် ၉ နာရီမှ ညနေ ၅ နာရီ အချိန်ထိ အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)