သီတင်းကျွတ်လပြည့်နေ့တွင် ချောင်းသာကမ်းခြေ၌ အပမ်းဖြေလာရောက်ကြသည့် ခရီးသွားဧည့်သည်များဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် ချောင်းသာကမ်းခြေ၌ အပမ်းဖြေလာရောက်ကြသည့် ခရီးသွားဧည့်သည်များဖြင့် စည်ကား



MNP - အောက်တိုဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ သီတင်းကျွတ်ကာလတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ယနေ့တွင် ချောင်းသာကမ်းခြေ တစ်လျှောက်တွင်အပမ်းဖြေသူ၊ ရေကစားသူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။


ကမ်းခြေသို့ လာရောက်သူများ အေးချမ်းပျော်ရွှင်စွာ အနားယူအပမ်းဖြေရန်နှင့် ကမ်းခြေသာယာလှပစေရန်အတွက် မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်/ဆက်၊ နယ်မြေခံတပ်/ရဲများ၊ မီးသတ်ဝန်ထမ်းများပါဝင်သည့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကကမ်းခြေတွင် ဈေးရောင်းချနေကြသော ဈေးသည်များအားဈေးဆိုင်နေရာများကို သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်းရောင်းချရန်၊  စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျစွန့်ပစ်ကြရန်နှင့် ကမ်းခြေသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ နားနေအပမ်းဖြေနိုင်ရန်အတွက်တို့ကို ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


သီတင်းကျွတ်ကာလ အပမ်းဖြေလာရောက်ကြသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် လည်းကောင်း သွားရောက်အပမ်းဖြေလည်ပတ်မှုများလည်းရှိပြီး ယမန်နှစ်ထက် ပိုမိုစည်ကားများပြားကြောင်း သိရသည်။


သတင်း - ကျော်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)