လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း(၂/၂၀၂၂) သင်တန်းသား/သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း(၂/၂၀၂၂) သင်တန်းသား/သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ယနေ့နံနက်(၉) နာရီအချိန်က ပညာရေးဘွဲ့စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂)သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက ကြိုဆို နှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း၊ သင်တန်းသူများက ‘မင်္ဂလာပါ’၊ ‘မင်္ဂလာပါဆရာမ’၊ ‘ကောက်စိုက်ချိန်’ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ ကြသည်။


အဆိုပါ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၂/၂၀၂၂)ကို ပညာရေးဒီဂရီကောလိပ်(၂၅) ကျောင်းတွင် တစ်ပြိုင်နက်ဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းကာလမှာ (၁၁-၁၀-၂၀၂၂)ရက်နေ့မှ (၂၃-၁၁-၂၀၂၂) ရက်နေ့ထိ စုစုပေါင်း(၄၃)ရက်ကြာမြင့်မည်ဖြစ်သည်။ သင်တန်းသို့ လားရှိုးခရိုင်၊ မူဆယ် ခရိုင်နှင့် ကျောက်မဲခရိုင်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၃၇)ဦးတက်ရောက် သင်ကြား လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်းသိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)