ပေါင်းတည်မြို့နယ်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေ ထုတ်ချေးခြင်းခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေ ထုတ်ချေးခြင်းခမ်းအနားကျင်းပ




MNP - အောက်တိုဘာ   ၁၃


ပဲခူးတိုင်းဒေသကြီး ၊နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို  ယနေ့နေ့လယ် ၁ နာရီက ကြူတောကန်ကျေးရွာအုပ်စု၊ နတ်ပုတီး ကျေးရွာ၊ဘုန်းတော်ကြီကျောင်း၌ ကျင်းပပြုလုပ်သည်။


အဆိုပါ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဌေးလွင်စိုး၊ ဒုတိယမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး၊မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး၊နတ်ပုတီးရွာ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့၊ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ကြ သည်။


 ဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။


အဆိုပါ မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်းအဖွဲ့ဝင်များက နေကြာသီးသန့် စိုက်ဧက ၂၃ ဧကနှင့် သီးညှပ်နေကြာစိုက်ဧက ၂၃၆ ဧက စိုက်ပျိုးမည့် နတ်ပုတီးကျေးရွာရှိ တောင်သူ ၁၀၂ ဦး၊ အခြားလုပ်ငန်းလုပ်ကိုင်မည့်တောင်သူ ၂၄ ဦးအား စုစုပေါင်း ကျပ်သိန်း ၃၀၀ ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။


သတင်း - သူရကြီး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)