အင်္ဂပူမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲပြုလုပ်



MNP - အောက်တိုဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၁၀)နာရီက တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေတုန်းလဲကျေးရွာရှိ တောင်သူဦးမြင့်နိုင်၊ ကွင်းအမှတ်(၈၄၀)၊ ဦးပိုင်အမှတ်(၂၄/၁)ရှိ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင်စပါးအစိုတင်း (၁၃၉.၇၀)နှုန်းထွက်ရှိခဲ့သည်။


အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့     ဥက္ကဋ္ဌဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး အောင်သော်မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ     မြို့နယ်ဦးစီးမှူးဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိစိတ်ပါဝင်စားသူတောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)