MNP - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး ခရိုင်အဆင့်ဆင့်ပွား အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒေါ်သင်းသင်းမြတ် (တာဝန်ခံပညာရေးမှူး ဗိုလ်တထောင်ခရိုင်)၊ ဒေါ်ချိုမာ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဦးဟန်တင်(လက်ထောက်ညွှန်ကြားရေးမှူး) အရှေ့ပိုင်း ခရိုင်ပညာရေးမှူးရုံးတို့က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပညာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း လုပ်ငန်းရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ပြီး၊ သင်တန်းကို နံနက်(၉)နာရီမှညနေ(၄)နာရီထိ၊နှစ်ရက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဗိုလ်တထောင်ခရိုင်အတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် မင်္ဂလာတောင်ညွှန်မြို့နယ်များမှ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်စုစုပေါင်း (၅၉)ဦးတို့ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment