နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၁၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်(၅)ဘီလီယံ ခွဲဝေချထားပေးခဲ့ပြီးဒေသတွင်းရှိ စိုက်ပျိုး/မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေစေရန်ရည်ရွယ်၍ ညှိနှိုင်းအစည်းအဝေးကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။


အဆိုပါ လုပ်ငန်းညှိနှိုးအစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်မှ ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ကျဆင်းသွားသည့် ပြည်သူလူထု၏ စီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ကျပ်(၅)ဘီလီယံခွဲဝေချထားပေးခဲ့ပြီး အဆိုပါရန်ပုံငွေများခွဲဝေသုံးစွဲရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းပုံစံအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ပုံငွေများအား စနစ်တကျအသုံးပြုရန်အတွက် ကော်မတီအသီးသီးဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း စိုက်ပျိုး/ မွေးမြူရေး မြစိမ်းရောင်စီမံကိန်း၏ အဓိကရည်ရွယ်ချက်(၄)ချက်ရှိပြီး ချေးငွေများအား စိုက်ပျိုးမွေးမြူရေး အဓိကထားလုပ်ကိုင်သည့် ကျေးလက်နေပြည်သူများသို့ ထုတ်ချေးပေးသွားရန်နှင့် အတိုးကောက်ခံခြင်းကို (၆)လတစ်ကြိမ် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း စီမံကိန်းအား ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချေးငွေသက်တမ်းကာလအား စိုက်ပျိုးရေးလုပ်ငန်းတွင် ကော်ဖီ၊ လက်ဖက်၊ ဝဥအပါအဝင် နှစ်ရှည်သီးနှံများအတွက် ချေးငွေသက်တမ်း(၃)နှစ် ရာသီပေါ်သီးနှံများအတွက် ချေးငွေသက်တမ်း(၁)နှစ် သတ်မှတ်ထားပါကြောင်း စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများတွင် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပြီး မိသားစုဝင်ငွေတိုးပွားအောင်ရည်ရွယ်၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း အတိုးရငွေများကို စုစည်း၍ဒေသအတွင်း ထပ်မံလိုအပ်သော ကျေးရွာများကိုပါတိုးချဲ့၍ ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားပါကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။


ထို့နောက် တက်ရောက်လာကြသော ဒေသ/မြို့နယ်အဆင့် စိုက်ပျိုး/မွေးမြူရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများ၊ ရရှိလာသည့်အတိုးငွေများဖြင့် မိမိဒေသအတွင်းလိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဒေသအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရန်လျာထားသည့် ကျေးရွာများမှ သိရှိလိုသည်များကို မေးမြန်းခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)