အမ်းမြို့နယ်၌ မြို့အင်္ဂါရပ်များနှင့် အညီပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ မြို့အင်္ဂါရပ်များနှင့် အညီပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အောက်ရွာကျေးရွာ အုပ်စု  ကျော်စံဆီဆိုင်အနီး အမ်း-တောင်ကုတ်- စစ်တွေ လမ်း ဆုံတွင် သန့်ရှင်းသာ ယာလှပရေး စုပေါင်းသန့်ရှင်း‌ရေးဆောင် ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်‌ ရေးကို မြို့အင်္ဂါရပ်များနှင့်အညီပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ခရိုင်/မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာ/ဆရာမ များ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့်သေခံပြည်သူများ စုပေါင်း၍  ပေါင်းမြစ်ပင်များ၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းကြပြီး ပလပ်စတစ်နှင့်စွန့်ပစ်အမှိုက်တို့ကို   မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)