အောင်ပန်းမြို့၌ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ပန်းမြို့၌ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ




MNP - အောက်တိုဘာ   ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် အောင်ပန်းမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က အောင်ပန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ သင်တန်းကျောင်းအုပ်နှင့် နည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနဟာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပုံမှန်ပညာရေးကို ပြီးဆုံးသည်အထိ သင်ယူနိုင်မှုမရှိတဲ့ တိုင်းရင်းသားလူငယ်များအတွက် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(၁၀) ကျောင်းနှင့် တိုင်းရင်းသူ အမျိုးသမီးငယ်လေးများအတွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆)ကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာများအပြင် အဆင့်မြင့်ပညာရပ်များ ဆည်းပူးနိုင်ရန် ရန်ကုန်နှင့်စစ်ကိုင်းတို့မှာ . ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး၊ ဒီဂရီကောလိပ်(၂)ခုနဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တက်တက်ကြွကြွနှင့် ဦးစီးဆောင်ရွက်နိုင်မည့် ဝန်ထမ်းကောင်းများ၊ ဆရာ/ဆရာမ ကောင်းများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကတော့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊ စက်မှုလက်မှုပညာရပ်များ တက်မြောက်၍ သင်တန်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြန်လည်ဆောင်ရွက်စေရန်၊ နယ်စပ်ဒေသစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရန်၊ စက်မှုလက်မှုပညာရပ်များ တတ်မြောက်၍ သင်တန်းဆင်းပြီးသွားပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စက်မှုလက်မှုပညာရပ်များ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေးဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်ဖြစ်ကြောင်း၊ ယခုအခါ သင်တန်းကျောင်းမှ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်းတို့ကို (၂၂)ပတ်ကြာ သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုသင်တန်းဆင်း သင်တန်းသားများကို မှာကြားလိုတာကတော့ ယခုပို့ချပေးလိုက်သော သင်တန်းသည် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နဲ့အညီ msms လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် တန်ဖိုးမဖြတ်နိုင်သော သင်တန်းဖြစ်သဖြင့် နိုင်ငံတော်ကဖွင့်လှစ်ပေးနေသော ဤသင်တန်းကျေးဇူးအမှန်တကယ်ရရှိပြီး နိုင်ငံတော်၏စေတနာကို တန်ဖိုးထားဖို့လိုအပ်ပါကြောင်း၊ သင်ကြားတတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်များကို တန်ဖိုးထားပြီး ခေတ်နဲ့လျော်ညီတဲ့ ပညာရပ်ဆက်လက် လေ့လာဆည်းပူး သွားကြစေလိုကြောင်း၊ လုပ်ငန်းခွင်ဝင်ရောက်မယ့် သင်တန်းသားများလည်း လုပ်ငန်းခွင်မှာ ခိုကပ်မနေဘဲ ကြိုးကြိုးစားစား လုပ်ကိုင်စေလိုကြောင်း၊ သင်တန်းကျောင်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်း‎စေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။ ထို့နောက်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၊ ကျောင်းအုပ် ဦးခွန်စိုးစံ က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို power point ဖြင့်ရှင်းလင်း တင်ပြခဲ့ပြီးထူးချွန်သင်တန်းသားများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းဆင်း လက်မှတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ပြည်နယ် ဝန်ကြီးများက အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ သင်တန်းဆင်း သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက  ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)