သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူငါးသောင်းကျော်ခန့်လာရောက်ဖူးမြှော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူငါးသောင်းကျော်ခန့်လာရောက်ဖူးမြှော်



MNP - အောက်တိုဘာ   ၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ အောက်တိုဘာ၉ရက်၊ သီတင်းကျွတ်လပြည့်နေ့ (ဘိဓမ္မာနေ့)တွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက်လည်ပတ်လျက်ရှိရာ သမိုင်းဝင်အထင်ကရဘုရားများနှင့် သမိုင်းဝင်အဆောက်အဦ၊ သာသနိကအဆောက်အဦများတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သည့် ပြည်သူငါးသောင်းကျော်ခန့်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဦးမျိုးမင်းအောင် (လက်ထောက်ညွှန်ကြားရေးမှူး)ထံက သိရ သည်။


ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးမြှော်ခွင့်ကို ကိုဗစ်-၁၉ရောဂါ မြန်မာ ပြည်စတင်ကူးစက်ချိန်မှစတင်ပြီး ပုဂံဒေသရှိဘုရားများဖူးမြှော်ခွင့်၊ လေ့လာခွင့်ပိတ်ထားခဲ့ရာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၈ရက်နေ့မှစတင်ပြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဂေါပ ကအဖွဲ့ထားရှိသည့် ဘုရား ၁၉ဆူအပါအဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အဦများ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီပြန် လည်ဖူးမြှော်ခွင့်ပြုခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ ယခု ရက်ပိုင်း ဘုရားဖူးတွေအတော်များလာတယ်၊ ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ် မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦး လွင်၊ လားရှိုး၊ ရေစကြို၊ တောင်သာ ၊မြင်းခြံ၊ သိန္နီမြို့၊ ကွမ်လုံမြို့၊ လောက်ကိုင်မြို့စတဲ့ မြို့တွေကနေလာရောက်ကြကြောင်း၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊ ရွှေစည်းခုံ၊ မနုဟာ၊ အာနန္ဒာ ၊ ဗူးဘုရား၊အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရား၊ သဗ္ဗညုဘုရားနှင့်ကန်တော့ ပလ္လင်ဘုရားများသို့ လာရောက်ဖူးမြှော်သူ ငါးသောင်းကျော်ခန့်အထိ လာရောက်ဖူးမြှော်လာ ကြောင်းသိရသည်။ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းအထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အဦ၊ စေတီပုထိုး၊ ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ယခုရက် ပိုင်းလိုမျိုးဘုရားဖူးများ လာရောက်ခဲ့ပါက ဈေးဆိုင်များ၊ မြင်းလှည်းအငှားလိုက်သမားများ ၊အီးဗိုက်ငှားစားသူများ၊ တုတ်တုတ်ခေါ်သုံးဘီးအငှားသမားများ၊ ဗူးဘုရားမြစ်ဆိပ် စက်လှေ အငှားလိုက်သူများ ပြန်လည်အဆင်ပြေလာနိုင်ကြောင်း စက်လှေအငှားလိုက်သူများ ပြန်လည်အဆင်ပြေလာနိုင်ကြောင်း၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာရောက်သူ များပြားလာသည်မှာ သုံးနှစ်အတွင်း သီတင်းကျွတ်လပြည့်နေ့ (အ ဘိဓမ္မာနေ့) တွင် ဘုရားဖူးလာရောက်သည့် ဦးရေများဆုံးကြောင်း ဂေါပကအဖွဲ့ရှိသည့် ဘုရား ၁၉ဆူတွင် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖူးမြှော်စေကြောင်းလည်း ထီးလိုမင်းလိုဘုရားဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးကရှင်းပြသည်။


သတင်း - ကိုကြေးမုံ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)