ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေလုံခြုံရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်မြေလုံခြုံရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး



MNP - အောက်တိုဘာ  ၁၅


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်းကာ ယမန် နေ့ညနေပိုင်းက  မြို့ပေါ်လမ်းမကြီးနှင့် လမ်းသွယ်၊ လမ်းကြားများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ထို့သို့ ဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအ တွက်မြို့ပေါ်လမ်းမကြီးများတွင် သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များတွင် ဖောက်ခွဲရေးပစ္စည်းများ မရှိစေရေးအတွက် နေရာ ၈ ခု ခွဲကာ ရပ်တန့်ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)