MNP - အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ရွာသစ်ရပ်ကွက်အုပ်စု၌ အောက်တိုဘာ ၁၉ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် လူစောင့်မရှိဘဲအမှိုက်မီးရှို့ထားရာမှ အနီးနားရှိဝါးထရံသို့ မီးကူးစက်ပြီး စပါးဂိုဒေါင်ဟောင်းတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးလဂျွန်း၊ တပ်ခွဲမှူး ဦးသိန်းထိုက် ဦးဆောင်၍ အရန်မီးသတ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် တာဝန်ရှိသူအား မိုးကောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။
သတင်း - သန်းလွင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment